ကျီခါး အောက်တိုဘာ ၉
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ကိုဗစ်-၁၉ ရာဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က ကျီခါးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျီခါးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွက် ပြည်နယ်လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်က ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ သူရလင်းကုမ္ပဏီမှ ဦးကိုကိုနိုင်က ငွေကျပ်(၅)သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာကျီခါးမြို့ကိုဗစ်ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှုး ဦးနေဇော်အောင်၊ ဒု-ဥက္ကဋ္ဌ နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးဝင်းအောင်နှင့် အတွင်းရေးမှူး တိုက်နယ်ဆရာ၀န် ဒေါက်တာထန်ဆန်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)