(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကျင်းပ

 

ပုဗ္ဗသီရိ     ဇန်နဝါရီ    ၃

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာလင်းက ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲတွင် "လွတ်လပ်ရေးနေ့" ခေါင်းစဉ်ဖြင့် ကလေးငယ်ခြောက်ဦး၊ ပုံပြောပြိုင်ပွဲတွင်"လောဘကြီး၍ နည်းနည်းစားရသူ" ခေါင်းစဉ်ဖြင့် ခြောက်ဦး စုစုပေါင်းကလေးငယ် ၁၂ ဦးတို့ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့ နောက် ပြိုင်ပွဲတစ်ခုစီတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကလေးငယ်များအား မြို့နယ် ဦးစီးမှူးနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့မှ တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် စနိုးမူကြိုနှင့် မိသားစုမူကြိုကျောင်းများမှ မူကြိုကလေးငယ်များက ကာယဗလပြခြင်း၊ လှယဉ်ကျေးမယ်လျှောက်ခြင်း၊ စုပေါင်းကဗျာရွတ်ဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရ သည်။

မြို့နယ်(ပြန်/ဆက်)