ကွန်ဟိန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အတွေးမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကွန်ဟိန်း ဇွန် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နက် ၁၀ နာရီအချိန်ခန့်က အတွေးမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်(၃)  ဒေါ်ဇင်မာသွယ်က စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် အသိပညာဗဟုသုတ မြင့်မားလာရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာမ မြနှင်းရည်ရှိန်ရေးသားထားသော အတွေးများမှသည် လက်တွေ့ လုပ်ဆောင်မှုဆီသို့ စာအုပ်မှ ရည်မှန်းချက်တည်ဆောက်ပါခေါင်းစဉ်ဖြင့် စတင်ဖတ်ကြားဆွေးနွေးခဲ့သည်။

ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်မွန်မှ အခုချက်ချင်း လုပ်ဆောင်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်မှ မိမိကိုယ်ကိုယုံကြည်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)