တီးတိန်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ အမှတ်-၂၀၆၅၁ ဆေးကုသမှုခံယူ

တီးတိန်       အောက်တိုဘာ     ၉

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ အမှတ်-၂၀၆၅၁ သည် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါပိုးတွေ့အတည်ပြုလူနာသည် အိန္ဒိယနိုင်ငံမှ ပြန်လာပြီး ကျီးခါးမြို့တွင် Facility Quarantine ဝင်ရောက်၍ ယမန်နေ့က တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အသွား/အလာကန့်သတ် ဆေးကုသမှု ခံယူခဲ့သည်။

အဆိုပါပိုးတွေ့လူနာသည် တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းကျေးရွာတွင် နေထိုင်သူ အသက် (၂၀) အရွယ် အမျိုးသမီးဖြစ်ကြောင်း တီးတိန်မြို့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)