လားရှိုး အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီ အချိန်က လားရှိုးခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။
လားရှိုးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မောင်ရွှေက ခရိုင်ကော်မရှင်အနေဖြင့် ခရိုင်တွင်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးမင်းက ခရိုင်အတွင်း ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများမှ မြို့နယ်များအလိုက် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်နေရာ၌ စာရင်းဇယားများ ကွဲလွဲနေခြင်းများအား ဆောင်ရွက်ထားရှိမှုများကို အသေးစိတ်ရှင်းလင်းတင်ပြပြီး လားရှိုးမြို့နယ် ပညာရေးမှူးဒေါ်ရွှေတင်က ပညာရေးဌာနမှ ဆရာမ၊ ဆရာမများ၏ ကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး လိုအပ်ချက်များကိုရှင်း လင်းတင်ပြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ခရိုင်လဝကဦးစီးဌာနမှ ဦးစိုးလင်းအောင်က ခရိုင်အတွင်း မဲဆန္ဒရှင်များမှ မဲပေးပိုင်ခွင့်ရှိသူများအတွက် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အလိုက်စီစဉ်ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ရွေးကောက်ပွဲကာလ စလယ်ဆုံးတိုင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ကော်မရှင်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိမိတို့မြို့နယ်အတွက် ရပ်ကွက်ကျေးရွာများအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထူးခြားမှုတစ်ခုအနေဖြင့် မဲဆန္ဒရှင်ပြည်သူများအတွက် ရောက်ရှိဒေသမှ မဲပေးနိုင်ရေးအတွက် ပုံစံ(၁၅)ဖြင့် ထပ်မံ လျှောက်ထားနိုင်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရ သည်။
ဟန်ဌေး(လားရှိုး)