မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုကြပ်မတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေး

မတူပီ        အောက်တိုဘာ        ၉

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က  ရောဂါ ထိန်းချုပ်မှု ထိရောက်စေရေးအတွက် ကြိုတင်ကာကွယ် စစ်ဆေးရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန်လိုကြောင်း၊ ရပ်ကွက် ကျေးရွာများအတွင်း ကန့်သတ်ဆောင်ရွက်ချက်များ ပီပြင်ရန်လိုအပ်ကြောင်း၊ ထောက်ပံ့ကူညီရေးကိစ္စများ ဆောင်ရွက်ပေး ရန်လိုအပ် ကြောင်းနှင့် တက်ရောက်လာကြသော ကော်မတီဝင်များက အမြန်ဆုံးထိန်းချုပ်နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မတူပီမြို့၊ ပြည်သူ့ဆေးရုံ ဒေါက်တာ သစ်လွင်သိမ်းက ရောဂါ ဖြစ်ပွားမှု ကာကွယ်၊ ထိန်း ချုပ်ရေး ဆောင်ရွက်နေမှု၊ Facility Quarantine  နှင့် Isolation Ward ထားရှိမှု အခြေအနေ၊ Swab ရယူမှု အခြေအနေနှင့် တင်ပြခဲ့ပြီး  တက်ရောက်လာကြသော  မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ရပ်ကွက်  အုပ်ချုပ်ရေးမှူးများ၊ လူမှု အသင်းအဖွဲ့များ၊ပရဟိတ အသင်းများက ရောဂါ ထိန်းချုပ်ရေး ၊ကုသရေး၊ ကာကွယ်ရေးလုပ်ငန်းများ   ကို အကြံပြုတင်ပြကြသည်။ 

မတူပီမြို့တွင် ကိုဗစ်−၁၉ ပို့တွေ့လူနာ(၁)ဦးရှိပြီး ရောဂါပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)