ချီဖွေ အောက်တိုဘာလ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီး ဘိုးဘွားများနှင့် အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ သက်ဆိုင်ရာ ရပ်/ကွက်အုပ်ချုပ်ရေး မှူးနှင့် ရပ်/ကျေး စာရေးများက လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အသက် (၈၀)နှစ် တင်းတင်းပြည့်ပြီး အသက် (၈၅)နှစ် အတွင်းရှိ သက်ကြီးဘိုးဘွားများ၏ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ချီဖွေမြို့နယ် ရပ်ကွက်(၃)ရပ် ကွက်နှင့် ကျေးရွာအုပ်စု (၈)အုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား (၂၄)ဦးတို့အား တစ်ဦးလျှင်(၃၀၀၀၀/) ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ခံစားနေသော အသက်(၈၅) နှစ် အထက် သက်ကြီးဘိုးဘွား(၂၁)ဦးတို့အား တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာ (၃၀၀၀၀/-) ကျပ်အား ဘိုးဘွားများ၏ လက်ဝယ်အရောက် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များက ကျန်းမာရေးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)