တီးတိန်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

တီးတိန်    အောက်တိုဘာ    ၉

ချင်းပြည်နယ်၊တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်များ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးအောင်ဝေက မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုဆိုင်ရာ ဥပဒေပုဒ်မများ၊ ၂၀၁၈ခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသော မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် ဥပဒေရည်ရွယ်ချက်များနှင့် လူငယ်များကျူးလွန်လျက်ရှိသည့် မူးယစ်ဆေးဝါး ဆိုင်ရာ ဥပဒေပုဒ်မများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)