ရိခေါ်ဒါရ် အောက်တိုဘာ ၉
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၀)သန်းအောက်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းတင်ဒါခေါ်ယူရာတွင် ရိခေါ်ဒါရ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀)သန်းအောက်ရှိ လုပ်ငန်း (၈)မျိုးဖြစ်ပြီး လုပ်ငန်းဆောင်ရွက်လိုသော ကုမ္ပဏီ၊ ကန်ထရိုက်တာများအနေဖြင့် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သတ်မှတ်ပုံစံဖြင့် အောက်တိုဘာ ၁၈ ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုလွှာတင်သွင်း ရမည်ဖြစ်သည်။
အဆိုပါ လုပ်ငန်းများအတွက် လုပ်ငန်းအမျိုးအစား၊ Quotation ခေါ်မည့်လုပ်ငန်းစာရင်းနှင့် အဆိုပြုလွှာတင်သွင်းခြင်း သတ်မှတ်ရက် ကြော်ငြာစာများကို အများမြင်သာနိုင်သည့် နေရာများဖြစ်သည့် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကြော်ငြာသင်ပုန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံပြဘုတ်၊ စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေး ရုံးများ၌ ကျယ်ကျယ် ပြန့်ပြန့် အသေးစိတ်လေ့လာဖတ်ရှုနိုင်စေရန် ကပ်ထားပေးလျက်ရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)