ခိုင်ကမ်း အောက်တိုဘာ ၉
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀)သန်းအောက် လုပ်ငန်းများ အတွက် တင်ဒါခေါ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတင်ဒါခေါ်ယူရာတွင် ခိုင်ကမ်းမြို့အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၁၀)သန်းအောက်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း(၄)မျိုး ရှိပြီး ပန်းခြံအတွင်း အသုံးပြုရန် ဒန်းနှင့်အခြားဆက်စပ် ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်း လုပ်ငန်းများ အတွက် ခွင့်ပြုငွေကျပ် (၅.၀၀၀)သန်း၊ စည်ပင်သာယာရေး ဈေးဆိုင်ခန်းအတွင်း မီးလိုင်းတပ်ဆင်ခြင်း လုပ်ငန်း(ဓာတ်တိုင်အပါအဝင်)အတွက် ခွင့်ပြု ငွေကျပ်(၉.၀၀၀)သန်း၊ ဦးနိုင်းကီးအွမ် အိမ်နားရေပြွန် တည်ဆောက်ခြင်း (၃၀'×၃'×၃') အတွက် ခွင့်ပြုငွေကျပ် (၇.၀၀၀) သန်းနှင့် ဒေါ်ကျင်အဲ့ဟောင်အိမ်နား ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်း(၁၈'×၁၂'×၄)အတွက် ခွင့်ပြုငွေကျပ် (၆.၀၀၀) သန်း တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးတွဲလုပ်ငန်းများကို အဆိုပြုတင်သွင်းလိုသော ကုမ္ပဏီများအနေဖြင့် ၇-၁၀-၂၀၂၀ ရက်နေ့မှ ၂၀-၁၀-၂၀၂၀ ရက်နေ့ညနေ(၄)နာရီ အထိခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် အဆိုပြုတင်သွင်း လျှောက်ထား နိုင်ကြောင်းသိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)