ဟားခါး အောက်တိုဘာ ၉
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံးသို့ ရောက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များတွင် Hand Gel ထားရှိမှု ရှိ၊မရှိ၊ စျေးဝယ်သူများနှင့်စျေးရောင်းသူများ Maskတပ်ဆင်မှု ရှိ၊မရှိ၊ နေရာအကွာအဝေး သတ်မှတ်ရောင်းချမှု ရှိ၊မရှိ အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုများ ရှိ၊မရှိကို အရှိန်အဟုန်မြှင့် စစ်ဆေးပြီး လိုက်နာမှုမရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုများကို တစ်လလျှင် ၁၂ ကြိမ်နှုန်းဖြင့် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)