ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါ အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရွှေကူ          အောက်တိုဘာ        ၉

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ အောက်တိုဘာလ ၉ ရက် ၊ နံနက် ၉ နာရီအချိန်တွင် လူစည်ကားရာဖြစ်သော လမ်းဆုံနေရာ၌ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် စခန်းတာဝန်ခံ ဦးကျော်မျိုးလှိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask)များ ဖြန့်ဝေတပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ကိုဗစ်−၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် အများပြည်သူများ အသိသတိရှိစွာ နေထိုင်သွားလာကြရန် ၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာလျှင် သွားလာကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ကြရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)