ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟားခါး        အောက်တိုဘာ       ၉

၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဟားခါးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက  ဟားခါးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးထလာကီးယိုလျန်က ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာပြီဖြစ်၍  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များအနေဖြင့်  ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဟားခါးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းက ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏လမ်းညွှန်မှုနှင့်အတူ ရွေးကောက်ပွဲဆိုင်ရာ လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြအနေများကို ရှင်းလင်းဆွေးနွေးပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ပညာပေးသင်တန်း ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ်မည့် ရက်စွဲ၊နေရာနှင့် သင်တန်းနည်းပြများ ရွေးချယ်ပေးရန် ၊မဲစာရင်းတွင် ကွက်လပ်ဖြစ်နေသည့် မှတ်ပုံတင်အမှတ်မပါရှိသူများ၊ မိဘအမည် မပါရှိသူများအား ထပ်မံဖြည့်သွင်းနိုင်ရေး ဆောင်ရွက်ရန်များ၊ ရွေးကောက်ပွဲဆိုင်ရာ ကော်မတီများ ဖွဲ့စည်းရေး၊ Facility Quarantine Center များတွင် ကြိုတင်မဲ ဆောင်ရွက်ပေးနိုင်ရေးနှင့် ရွေးကောက်ပွဲကာလအတွင်း ဌာနဆိုင်ရာဝန်ထမ်း တွဲဖက်ဆောင်ရွက်နိုင်ရေး ကိစ္စများကို တင်ပြဆွေးနွေးရာ တက်ရောက်လာကြသည့် ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကဏ္ဍတစ်ခုချင်းအလိုက် ဆောင်ရွက်ရန် အချက်များကို ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့နယ် အတွင်း မဲရုံပေါင်း(၉၅)ရုံ၌ မဲရုံဝန်ထမ်း (၁၀၄၅)ဦး၊ အထူးရဲ (၉၅)ဦး စုစုပေါင်း (၁၁၄၀)ဦး ခန့်အပ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်