မင်းတပ် အောက်တိုဘာ ၉
မင်းတပ်မြို့ရှိ Quarantine Center များတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူသည့် ပြည်သူများ၏ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမျိုးမြင့်အောင် က " Quarantine Center တွေမှာရှိတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေအတွက် မဲပေးပိုင်ခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် အခုလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ့နဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရတာ ဖြစ်ပါတယ်" ဟုပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ပြည်သူများမဲပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)