ပန်ဆိုင်း အောက်တိုဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ အစိုးရဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမ အသင်း လီမိတက်မှ ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ အမှုဆောင်များနှင့် အသင်းသားများအား ကိုဗစ်-၁၉ ကာလ အတွင်း အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်ဆိုင်း(ကြူကုတ်)မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ပထမဦးစွာ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်က အမှာစကားပြောကြားပြီး မြို့သမဝါယမ အသင်းဉက္ကဋ္ဌ ဦးမိုင်းနိုင်တင်ဦးက ကိုဗစ်-၁၉ ကာလအတွင်း မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေချောမွေ့စေရန်အတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၏ သမဝါယမအသင်း အောင်မြင်တိုးတက်ရေးအတွက် မြို့သမဝါယမ အသင်းစုမှ အမှုဆောင်များနှင့် အသင်းသားများအားလုံးအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန်၊ စည်းရုံးညီညွတ်စွာ စွမ်းစွမ်းတမံလုပ်ဆောင်ကြရန်နှင့် လိုက်နာရမည့်စည်းကမ်းချက်များကို မြို့သမဝါယမအသင်း ဉက္ကဋ္ဌ က ဆက်လက် ရှင်းလင်း ပြောကြားသည်။
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်မှ အမှုဆောင်များနှင့် အသင်းသား စုစုပေါင်း(၃၃) ဦးကို တာဝန်ရှိသူများက တစ်ဦးလျှင် အခြေခံစား သောက်ကုန်များဖြစ်သည့် ဆန်သေး(၁)အိတ်၊ ဆီ(၁)ပိဿာ၊ ဆား(၁)ပိဿာ၊ ဆပ်ပြာ(၁)ဘူး နှင့် ခေါက်ဆွဲခြောက်(၁)ဖာအစရှိသည့် စားသောက်ကုန်ပစ္စည်း(၅)မျိုးကို အသီးသီးထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)