ကွန်ဟိန်း အောက်တိုဘာ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကုန်စည်စီးဆင်းမှုပြတ်တောက်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ နံနက် ၉ နာရီအချိန်ခန့်က လိုက်ကမ်ကျေးရွာအုပ်စု၊ နမ့်ဟိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုများကြောင့် မြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာလျက်ရှိသော ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည် စီးဆင်းမှုပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များနှင့် စပ်လျဉ်း၍ ညအိပ်/ တစ်ထောက် ရပ်နားနေရာများတွင် ဆောင်ရွက်ရမည့်အချက် ၅ ချက်၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်ရမည့် အချက် ၁၀ ချက်ပါဝင်သည့် စံသတ်မှတ်ချက် (Standard Operating Procedure -SOP) များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဉက္ကဋ္ဌ ဦးစိုးဝင်း ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်မင်းဝင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ မှ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)