မတူပီမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား(၁၆၇)ဦးနှင့် သင်တန်း နည်းပြများကို (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

မတူပီ  အောက်တိုဘာ  ၁၁

ချင်းပြည်နယ်၊   မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် သွားမည့် အထူးရဲ သင်တန်းသားများနှင့် နည်းပြများကို ကိုဗစ်၁၉ ရောဂါပိုး ရှိ/မရှိ ကိုဗစ်-၁၉ Antibody(RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား အောက်တိုဘာလ ရက်နေ့နှင့် ၁၀ ရက်နေ့တွင်  အထက() ကျောင်းတွင် ဆောင်ရွက် စစ်ဆေးခဲ့သည်။

မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် (၁၆၇)ဦးအား အထက()မတူပီကျောင်း၌ သင်တန်းပေးခြင်း အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ဆောင်ရွက်နေပြီး အဆိုပါ အထူးရဲသင်တန်း တက်ရောက်နေသော သင်တန်းသားများနှင့် နည်းပြများအား ကိုဗစ်၁၉ ရောဂါပိုး ရှိ/မရှိကို ကိုဗစ်-၁၉ Antibody (RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ရာ အထူးရဲတပ်သားများနှင့် နည်းပြဆရာများအားလုံး ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)