(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး/ကဗျာပြိုင်ပွဲ နှင့် နံရံကပ် စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

လောက်ကိုင်   ဇန်နဝါရီ   ၃

ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)တပ်မတော်အခြေခံ ပညာ အထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်တွင် ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  (၇၂) နှစ်မြောက်   လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် နံရံကပ်စာစောင် ၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းအောင်ကျော်မှ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများအား လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို နံနက်(၉)တွင်စတင် ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့် စုစုပေါင်း(၃၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပြသထားသည့် နံရံကပ်စာစောင်များ ၊ မှတ်တမ်းဓာတ်ပုံပြဘုတ်များနှင့် စာအုပ်စာစောင် များကို ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဝင်းမြမြ(လောက်ကိုင်)