မတူပီမြို့နယ်အတွင်း အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ၁၄ ရက်ပြည့်သူ(၈)ဦးအား Swab နမူနာ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည် စေလွှတ်

မတူပီ အောက်တိုဘာ

ချင်းပြည်နယ်၊ ကိုဗစ်၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ မတူပီမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည် ရောက်ရှိလာပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၁၄ ရက်ပြည့်သူ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့ ညနေ နာရီအချိန်က မြို့နယ် ကိုဗစ်၁၉ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

မတူပီမြို့ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၁၄ ရက်ပြည့်သူ ဦးကို Swab နမူနာ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ၁၄ ပြည့်သူ ကျား ()ဦးနှင့် () ဦးတို့ကို မြို့နယ် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာကို ပေးအပ် ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးမှူး ()ဒေါ်စိုးစိုးအောင်က မိမိအိမ်တွင် Home Quarantine  ()ရက်ထပ်မံ နေရန် မှာကြားခဲ့သည်။

မတူပီမြို့တွင် လက်ရှိမိုးလုံလေလုံအားကစားရုံ  Quarantine Center အထက() Quarantine Center နှင့် Hospital  Quarantine တွင်  အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းခံယူသူ  စုစုပေါင်း (၂၇) ဦးရှိပြီး အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း ခံယူသူများအား မြို့နယ်ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ၊ လူမှုအသင်းအဖွဲ့များ၊ Volunteer များနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)