ဟိုပန်၌ မိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

 

ဟိုပန်            အောက်တိုဘာ          ၁၂

 

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် တပ်ခွဲမှူးဒေါ်နန်းခမ်းပန်တို့က ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဟိုပန်မြို့ စင်ကျိုင်းကျေးရွာ နှင့် မတ်ဝမ်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌက လတ်တလောဖြစ်ပွားနေသည့် Covid-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ ကို သိရှိလိုက်နာဆောင်ရွက်ရေး၊ ဒေသတွင်းအဖြစ်များသည့် ငှက်ဖျားရောဂါနှင့် သွေးလွန် တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို လည်းကောင်း၊ ဒေါ်နန်းခမ်းပန်က မိုင်းအန္တရာယ်နှင့် ပတ်သက်၍ လူကြီးလူငယ်မရွေး သိရှိထား သင့်သည့် အချက်များ၊ လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်သည့်အခါ သတိပြုရမည့် အချက်များကို လည်းကောင်း အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများကို နှာခေါင်းစည်း(Mask)၊ လက်သန့်ဆေးရည်နှင့် အသိပညာ ပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်