မိုင်းငေါ့ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ကွန်ကောက်ကျေး ရွာတွင် စီမံချက်ဝန်ထမ်းများ ဦးဆောင်သော မိခင်ခေါင်းဆောင်အစည်းအဝေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က မိုင်းငေါ့ မြို့ကွန်ကောက်ကျေးရွာ အောင်သုခဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ Save The Children International (SCI)၊ ရှမ်းပြည်နယ်လူငယ်စွမ်းရည် တည်ဆောက်ရေးစင်တာ(SSYCBC)အဖွဲ့မှ နန်းလှကွယ်က အစာအုပ်စု(၃)အုပ်စုကို သိရှိနားလည်ပြီး နေ့စဉ်စားသုံးသော အစားအစာများတွင် အစာအုပ်စုစုံလင်စွာ ပြင်ဆင်စားသောက်တတ်လာစေရန် ရည်ရွယ်၍ ဂိမ်း(သို့မဟုတ်) သီချင်းများ သင်ကြားပေးခြင်း၊ ရုပ်ပုံများအသုံးပြုပြီး အမူအကျင့် မြှင့် တင်ခြင်း၊ အစာအုပ်စုသရုပ်ပြထားသောပိုစတာများကို လက်တွေ့သရုပ်ပြသခြင်း၊ ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးတိုင်ပင်ခြင်းစသည်တို့ကို ဆွေးနွေးပြသ ပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို မိုင်းငေါ့မြို့ ကွန်ကောက်၊ ကွန်ကျင် ၊နမ့်ဆွန်၊ မန်ဟတ်၊ ရွာမ၊ မန်နောင်၊ လွယ်ကြူ၊ မန်ခေါက်ကျေးရွာများမှ စေတနာ့ဝန်ထမ်း (၅)ဦးနှင့် မိခင်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)