နမ့်ဆန် ဇန်နဝါရီ ၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြန်မာနိုင်ငံ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၏ (၂) နှစ်ပြည့် တတိယနေ့ ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီက မြန်မာနိုင်ငံတအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အလှည့်ကျ သဘာပတိ ဦးထွန်းကျော်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံတအာင်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဉက္ကဋ္ဌ ဦးစောလွင်က မြန်မာနိုင်ငံ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ (၂)နှစ်ပြည့် ပုံမှန်အစည်းအဝေးတွင် မြို့နယ်တိုင်းမှ တအာင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့၏ တင်ပြချက်အစီရင်ခံစာအပေါ် အားသာချက်၊ လိုအပ် ချက်များ၊ ဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဗဟိုကော်မတီမှ ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံတအာင်း စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ အတွင်းရေးမှူး မိုင်းလှအောင်က မြန်မာနိုင်ငံတအာင်း စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၏ (၂)နှစ်တာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအစီရင်ခံစာကို တင်ပြပြီး ဗဟိုကော်မတီဝင် ဦးလှဖေက အစည်းအဝေးမှ ချမှတ်သည့် ကဏ္ဍ(၄)ရပ်အပေါ် သုံးသပ်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဉက္ကဋ္ဌ ဦးစောလွင် က တက်ရောက်လာသည့် တအာင်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၏ အကြံပြုတင်ပြချက် များကို ဖြေကြားရှင်းလင်းပေးခဲ့သည်။
မြန်မာနိုင်ငံ တအာင်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ (၂)နှစ်ပြည့် ပုံမှန်အစည်းအဝေးကို (၃)ရက်ကြာ ကျင်းပပြုလုပ်ပြီး တစ်မူတည်းသော တအာင်းစာပေသင်ကြားနိုင်ရေး၊ တအာင်းစာပေ နှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားစေရေးအတွက် အချက်(၁၆) ချက်ပါ အစည်းအဝေး မှတ်တမ်းတင် နိုင်ခြင်း၊ ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက်(၈)ချက်တို့ကို အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းစာပေ နှင့်ယဉ်ကျေးမှု နာယကကြီးများ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော် မတီဝင်များ၊ အနယ်အနယ်အရပ်ရပ်မှ တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီများ၊ မြို့နယ်တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)