ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှင်ဗွေယန် အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်၁၉ - ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့အဝင်/ထွက် စည်ပင်သာယာစျေးရှေ့ ပူးပေါင်းစစ်ဆေးဂိတ်တွင် နံနက် နာရီမှ နာရီထိ နေ့စဉ်အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှင်ဗွေယန် မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော အခြားတိုင်းနှင့်ပြည်နယ်၊ မြို့ရွာများမှ ဝင်ရောက် လာသူများအား (Quarantine Center)သို့ ဝင်ရောက်စေခြင်း၊ ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ များအား လက်ကိုဆပ်ပြာဖြင့်ဆေးစေခြင်း၊ နှာခေါင်းစည်း (mask)တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွား ထောက်ခံ ချက်တောင်းခံ၍ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်းတို့ကို ပူးပေါင်းစစ်ဆေးဂိတ်၌ ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး မြို့အဆင့် စီမံခန့်ခွဲမှုကော်မတီမှ ကျန်းမာရေးစစ်ဆေးဂိတ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်မိ/ရပ်ဖများက ပူးပေါင်း၍ နေ့စဉ် အလှည့်ကျ တာဝန်ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

လင်းသွယ်ဦး(ပြန်/ဆက်)