မယ်စဲ့မြို့နယ်တွင် Website TV (Online Media) ရိုက်ကူးထုတ်လွှင့်ရန်အတွက် အထောက်အကူပြု ပစ္စည်းပေးအပ်လှူဒါန်း

မယ်စဲ့     အောက်တိုဘာ     ၁၂


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက Online Media ဖြင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူး ထုတ်လွှင့် လျက်ရှိရာ Website TV ရိုက်ကူးရာတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းကို ယမန်နေ့နံနက်က မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြောင့် အသိပညာပေးခြင်းလုပ်ငန်းများကို လူစုလူဝေးဖြင့် မဆောင်ရွက်နိုင်သည့် ကာလ အတွင်း IPRD Mese Page နှင့် မယ်စဲ့မြို့နယ်ပြည်သူ့စာကြည့်တိုက် Page များမှ တစ်ဆင့် ပြည်သူလူထုသို့ အသိပညာပေးလိုသည့် အကြောင်းအရာများကို Online မှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိရာ Website TV ရိုက်ကူးရာတွင် လိုအပ်သည့်  Phone Tripod တစ်ခုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖက လာရောက်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)