မယ်စဲ့ အောက်တိုဘာ ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျောက်စု၊ နမ့်ပိန်းလင်၊ မယ်ဆည်နမ်၊ နမ့်ဟူးကျေးရွာများ၌ သတ်မှတ်ကာလအတွင်း မြစိမ်းရောင်ရန်ပုံငွေ အတိုး/အရင်း ပြန်လည်ပေးသွင်းနိုင်ရေးအတွက် ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် အဖွဲ့က ကွင်းဆင်းအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ မြစိမ်းရောင်ရန်ပုံငွေ ပြန်လည်ပေးဆပ်ချိန် ရောက်သဖြင့် သတ်မှတ်ကာလအတွင်း အတိုး/အရင်း အချိန်မီပေးသွင်းကြရန်၊ အခက်အခဲများရှိပါက အမြန်ဆုံး ပြန်လည်ထုတ်ချေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်ကာလ ဖြစ်သော်လည်း စီမံကိန်းလက်စွဲစာစောင်ပါ တစ်နှစ်တစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်သဖြင့် ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ရက်အတွင်း စီမံကိန်းချေးငွေများ ပေးသွင်းရေး ကွင်းဆင်းအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)