ပူတာအိုမြို့နယ်၌ GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်းများ ကွင်းဆင်းစတင်ဆောင်ရွက်

ပူတာအို ဇူလိုင် ၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း တစ်ခုဖြစ်သည့် (Gis) နည်းပညာအသုံးပြု၍ (Census Units)မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းအား ကွင်းဆင်း စတင် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပူတာအိုခရိုင် ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက် သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက တိကျမှန်ကန်သည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်အောင်မြင်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်)မှ ဦးစီး အရာရှိ ဒေါ်ကေသီစိုးနှင့် ပူတာအိုခရိုင် ဦးစီးမှူး ဦးဗိုလ်မြင့်တို့က Gis နည်းပညာ အသုံးပြု၍ သန်းခေါင် စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြရာ တက်ရောက်လာသူများက သိလိုသည် များ မေးမြန်းဆွေးနွေးမှုများအပေါ် ဦးစီးအရာရှိနှင့် ခရိုင်ဦးစီး မှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ပူတာအိုမြို့နယ်တွင် Gis နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်းကို ဇူလိုင်(၆)ရက်မှ (၇)ရက်အထိ မြို့ပေါ် (၆)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို ပူတာအိုမြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ပြီးပါက မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူးမြို့နယ်များတွင်လည်း ဆက်လက်ကွင်းဆင်းရေး ဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစတင်ဆောင်ရွက်ခြင်း အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးခေါင်လန်ဒီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်ဦးစီးမှူး ဦးဗိုလ်မြင့်နှင့် မြို့နယ်လေးမြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (ရုံးချုပ်)မှ ဦးစီးအရာရှိ ဒေါ်ကေသီစိုးနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)