နမ္မတူ ဇန်နဝါရီ ၃
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအဆင့် ပုံတူဆွဲပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက ကျောင်းသား/ကျောင်းသူကလေးငယ်များ စာကြည့်တိုက်နှင့် ပိုမိုကျွမ်းဝင်ကာ အသိပညာဗဟုသုတ တိုးပွားစေရန်၊ တီထွင်ကြံဆ ဖန်တီးနိုင်စွမ်း မြင့်မား လာစေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံတူဆွဲပြိုင်ပွဲ ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲအမှတ်ပေး စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းအားအသိ ပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံတူဆွဲပြိုင်ပွဲအား ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၁)ဦး ဝင်ရောက် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်း က ထူးချွန်ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)