ပန်ဝါမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပန်ဝါအောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ မြို့ပေါ်ရပ်ကွက် ()ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်()အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် နာရီအချိန်မှစ၍ ပန်ဝါမြို့ ပြည်သူ့ဆေးရုံး၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ် ဆေးထိုးနှံရာတွင် အသက်()နှစ်အောက် ကလေးများအတွက် လစဉ်ဘီစီဂျီ၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)တို့ ထိုးနှံ ပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ဆုံဆို့မေးခိုင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပန်ဝါမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်()နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း သားဖွားဆရာမ ဒေါ်ခေါင်နောထံမှ သိရသည်။

ရဲညွန့်(ပြန်/ဆက်)