ပြင်စလူမြို့ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်စေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပြင်စလူ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွား စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့အဝင် စစ်ဆေးရေးဂိတ်၌ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့အတွင်းသို့ ဝင်ရောက်လာသော ခရီးသွား ပြည်သူများအား ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ ခရီးသွားပြည်သူများ၏ အချက်အလက်များကို မှတ်တမ်းကောက်ယူခြင်း၊ ဒေသခြားသို့ ခရီးသွားပြည်သူများအား ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း၊ ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ ပြင်ပမှ ပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောရန်၊ ပြည်သူများ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အသိပညာပေး​​ကြေငြာခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။

ဇင်ဖြိုးသူ (ပြန်/ဆက်)