ထန်တလန်မြို့ မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ဝင်ရောက်သူ (၁၁)ဦးရှိ

ထန်တလန် အောက်တိုဘာ ၁၂

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားပြည်သူများအား မိမိခရီးစတင်ထွက်ခွာလာသည့်​ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်း ရယူခြင်းများနှင့် ခရီးသွားရာဇဝင်စိစစ်ခြင်းများကို နေ့စဉ် ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၁၁)ဦးတို့အား  ထန်တလန်မြို့အမှတ် (၃)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ (၁၄)ရက်အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Facility Quarantine ထားလျက်ရှိကြောင်း သိရသည်။

နေရပ်ပြန်လာသူ  (၁၁)ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီးမှ(၃)ဦး၊ မန္တ​လေးတိုင်းဒေသကြီးမှ (၄)ဦး၊ မလေးရှားနိုင်ငံတွင် သေဆုံးသွားသူ၏ ရုပ်အလောင်းကိုသင်္ဂြိုဟ်ပေးခဲ့သူ (၄)ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံသား အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၄)ဦးတို့ဖြစ်ကြောင်း၊ ထန်တလန်မြို့အမှတ် (၁၊၂)ရပ်ကွက်၊ ထန်တလန်မြို့နယ်  တလန်ပီးကျေးရွာတို့တွင် နေထိုင်သူများ ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်လာသူ (၁၁)ဦးတို့သည် လက်ရှိအခြေအနေ၌ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး (၁၄)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်နေစဉ် ကာလအတွင်း နေထိုင်စားသောက်ရေး ကိစ္စများကို ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)