မတူပီ အောက်တိုဘာ ၁၂
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာ ဖတ်ရှုနိုင်ရန်အတွက် ကိုဗစ်−၁၉ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို အောက်တိုဘာလ ၉ ရက်နေ့ မှစတင်၍ ပြသဆောင်ရွက်ခဲ့သည်။
UNESCO မှ ပေးပို့လာသော ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှု နှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ(၁၈)ပုံ၌ သတင်း၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်းအချက်အလက်များ၊ သတင်းတွင်အသုံးပြု သတိထားကြည့်ရှုပါ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ လက်နေပါသလား၊ ကလေးများနှင့်အတူတူ သတင်းကြည့်ရာဝယ်၊ မီဒီယာနှင သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင် အတူတူကြည့်ပါ၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့် အချက်အလက် သိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ /အုပ်ထိန်းမှု အတတ်ပညာနှင့်ကြော်ငြာများ၊ သမိုင်းဝင်တည်နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက် လေ့လာရာဝယ်၊ ကလေးသူငယ်/ လူငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက် တစ်ရပ် ပြုလုပ်ပါ၊ လူမှုမီဒီယာ ပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင်၊ သတင်းအချက်အလက်များ က မည်သို့ ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ သင်သည် မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦး ဖြစ်ပါသလား၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း စသည့် ခေါင်းစဉ်ပါသည့် ရုပ်ပုံများကို ပြသခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကို ပြ သဆောင်ရွက်ခြင်းဖြင့် ပြည်သူများက သတင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုနားလည် နိုင်မည်ဖြစ်ပြီး စိတ်ဝင်တစား လာရောက် ကြည့်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)