ဆွမ်ပရာဘွမ် အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်း နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး ရုပ်ပုံလွှာများအား ယနေ့နံနက် ၉ နာရီမှစတင်၍ ပြသ ဆောင်ရွက်ခဲ့သည်။
ရုံးတွင်းနံရံကပ်ပြဘုတ် ပြသဆောင်ရွက်ခြင်းဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိနိုင်စေရန်၊ လက်တွေ့ ကျင့်သုံးနိုင်ရန်၊ အချက်အလက်အကြောင်းအရာများ၊ အလုပ်အကိုင်အကြောင်းအရာများကို လေ့လာနိုင်သော နေရာဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးက ပြောကြားခဲ့သည်။
အဆိုပါ နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံလွှာ (၁၈)ပုံ၌ မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှုအတတ်ပညာ ဆိုသည်မှာအဘယ် နည်း၊ သင်သည်မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတစ်ဦး ဖြစ်ပါသလား၊ သတင်းအလက်များက မည်သို့ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူဆွေးနွေးပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ ကလေးသူငယ်/ လူငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက် တစ်ရပ်ပြုလုပ်ပါ၊ သမိုင်းဝင်တည်နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက် လေ့လာရာဝယ်၊ မီဒီယာနှင့် သတင်းအချက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ၊ မီဒီယာနှင့်သတင်းအချက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေး၊ မီဒီယာနှင့် သတင်းအချက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံ သတင်းများ၊ မီဒီယာနှင့် သတင်းအချက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့်နည်းလမ်းများ၊ ကလေးငယ် များနှင့်အတူတူစာဖတ်ပါ၊ ရုပ်ရှင်အတူတူကြည့်ပါ၊ ကလေးများနှင့်အတူသတင်းကြည့်ရာဝယ်၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတွင် ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်ခေါင်းစဉ် ပါသည့် ရုပ်ပုံလွှာများကို ပြသခဲ့ခြင်း ဖြစ်ပါသည်။
ကုဋေ (ဆွမ်ပရာဘွမ်)