မချမ်းဘော အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ် ပြဘုတ်တွင် ပြည်သူများသိရှိလေ့လာနိုင်ရန်အတွက် ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို ယနေ့ နံနက် ၁၁ နာရီမှစတင်၍ ပြသဆောင်ရွက်ခဲ့သည်။
UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေး ရုပ်ပုံ(၁၈)ပုံ၌ မီဒီယာနှင့် သတင်းအချက်အလက်သိရှိ နားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း၊ သင်သည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတစ်ဦး ဖြစ်ပါသလား၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ်အရေးပါကြောင်း ကလေးများ နှင့်အတူ ဆွေးနွေးပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ ကလေးသူငယ်/ လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ်ပြုလုပ်ပါ၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ်၊ မီဒီယာနှင့် သတင်းအချက် အလက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့်ကျန်းမာရေး၊ မီဒီယာနှင့်သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် နည်းလမ်းများ၊ ကလေးများနှင့် အတူတူစာဖတ်ပါ၊ ရုပ်ရှင်အတူတူကြည့်ပါ၊ ကလေးများ နှင့်အတူ သတင်းကြည့်ရာဝယ်၊ အချက်အလက်နှင့်ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ခက်နေ ပါသလား၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတွင် အသုံးပြုသောစကား အသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ၊ သတင်း တင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်းအချက်အလက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်ခေါင်းစဉ်ပါသည့် ရုပ်ပုံများကို ပြသခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကို ဗီနိုင်းပိုစတာများဖြင့် မချမ်းဘော့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ခွန်လင်းဦး(ပြန်/ဆက်)