မြစ်ကြီးနား အောက်တိုဘာ ၁၂
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကြက်ဥနှင့်ဆီများထောက်ပံ့ခြင်းကို ယနေ့နံနက် (၇) နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းကို မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ အမှတ် (၁) ဈေးနှင့် အမှတ်(၂) ဈေးတို့တွင် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် မိသားစုဝင်များ ပူးပေါင်း၍ နေအိမ်ပြင်ပ ထွက်သွားလာသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့် (Mask) များ အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
အလားတူ နံနက် (၈) နာရီတွင်လည်း ပြည်နယ်မီးသတ်ဦးစီးမှူးက မီးသတ်တပ်ဖွဲ့ဝင် လူပျို (၅၀) ဦးနှင့် အိမ်ထောင်စု (၃၅) စုတို့အတွက် ကြက်ဥ (၁၀) လုံးနှင့် ဆီတစ်ပိဿာစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယော်ဆောင်(ပြန်/ဆက်)