ထီးလင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

 

ထီးလင်း           ဇန်နဝါရီ            ၃

ရပ်/ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး တို့နှင့်ပတ်သက်၍ ပြည်သူများ စိတ်အေးချမ်း သာယာစွာ သွားလာလုပ်ကိုင် နေထိုင်နိုင်ရေး တို့အတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ည ၇ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ ရာဇမုနိ စေတီတော် တန်ဆောင်းနေရာ၌ ပြုလုပ်ဆောင်ရွက်သည်။

ယင်းသို့ ဟောပြောပွဲဆောင်ရွက်ရာတွင် ထီးလင်းမြို့ မြို့မ ရဲစခန်းမှူး ဒု-ရဲမှူး အောင်နိုင်ဉီးက မှုခင်းများ ကျဆင်းရေးနှင့်အတူ သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေး၊ ခိုးမှု၊ လုယက်မှုများ မဖြစ်ပွားစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာရေး၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး စသည့် ရဲတပ်ဖွဲ့လုပ်ငန်းများတွင် ပြည်သူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရေး တို့ကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဘီးရာမှိုးက မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ပညာပေးရှင်းလင်း ဟောပြောကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဂေါပကလူကြီးများ၊ မြို့မိ မြို့ဖများနှင့်ပြည်သူများ၊ စုစုပေါင်း (၇၀) ဉီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)