ထန်တလန် အောက်တိုဘာ ၁၂
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို ထန်တလန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျင်ငိုက်မန်နှင့် ဝန်ထမ်းများသည် ယနေ့ မွန်းလွဲ ၂ နာရီအချိန်က လမ်းသွား လမ်းလာသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် "သင်ကဆန္ဒမဲတွင် ပါဝင်သလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက် ဆန္ဒမဲပေးပါ၊ သတိရပါ၊ အတူတကွမဲပေးကြပါစို့၊ သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” စသည့် စာတမ်းပါ အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)