တီးတိန်မြို့နယ် အထူးရဲသင်တန်းသားများအား ကိုဗစ်-ရောဂါပိုး ရှိ/မရှိ စစ်ဆေး

တီးတိန် အောက်တိုဘာ ၁၂

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လိုအပ်သော နေရာများတွင် တာဝန်ချထားရန် ခန့်အပ်သည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးသည့် ကိရိယာ Rapid Dianosis Test (RDT) Tese Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်း ဖွင့်လှစ်သည့် အထက-၁ ကျောင်း၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် အထူးရဲသင်တန်းတက်ရောက်သည့် သင်တန်းသား ၁၄၀ ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ မရှိကြောင်း တီးတိန် မြို့နယ်ရဲမှူးထံမှ သိရသည်။

တီးတိန်မြို့တွင် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ဖွင့် လှစ်ရာ သင်တန်းကာလမှာ ယခုလ ၂၈ ရက်နေ့အထိဖြစ်ပြီး သင်တန်းသား ၁၄၀ ဦးတက်ရောက်ကြောင်း သိရသည်

ဒိုင်းဒိမ့်(ပြန်/ဆက်)