ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ပြဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေး ပြသဆောင်ရွက်

ထန်တလန် အောက်တိုဘာ ၁၂

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်ပြဘုတ် တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာ ဖတ်ရှုနိုင်ရန်အတွက် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများကို ယနေ့မှ စတင်၍ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

UNESCO မှ ပေးပို့လာသော ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံ(၁၈)ပုံ၌ သတင်း၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ သတင်းတင်ဆက် ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်းအချက်အလက်များ၊ သတင်းတွင်အသုံးပြု သတိထားကြည့်ရှုပါ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား၊ ကလေးများနှင့်အတူတူ သတင်းကြည့်ရာဝယ်၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင် အတူတူကြည့်ပါ၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့် အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ၊ သမိုင်းဝင်တည်နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက်လေ့လာ ရာဝယ်၊ ကလေးသူငယ်/ လူငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက် တစ်ရပ် ပြုလုပ်ပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင်၊ သတင်း အချက်အလက်များက မည်သို့ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ သင်သည် မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦး ဖြစ်ပါသလား၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း စသည့် ခေါင်းစဉ်ပါသည့် ရုပ်ပုံများကို ပြသခဲ့သည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကို ပြသဆောင်ရွက်ခြင်းဖြင့် ပြည်သူများက သတင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုနားလည် နိုင်အောင် အခုလိုဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)