မင်းတပ် အောက်တိုဘာ ၁၃
မင်းတပ်မြို့၌ Facility Quarantine နေထိုင်ပြီးစီးသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၁၅ ဦးအား ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ် ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများဖြစ်သည့် အနောက်ရပ်ကွက်မှ ၅ ဦး၊ ဟီးလောင်းကျေးရွာမှ ၃ ဦးနှင့် စံပြ ရပ်ကွက်မှ ၇ ဦး စုစုပေါင်း ၁၅ ဦးတို့အား ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက Facility Quarantine နေထိုင်ပြီးစီးကြောင်း လက်မှတ်များ ပေးအပ်ကြသည်။ ယမန်နေ့အထိ မင်းတပ်မြို့ရှိ Quarantine Centre များတွင် Facility Quarantine ဝင်နေသူ ၄၃ ဦးကျန်ရှိကြောင်း၊ ယမန်နေ့တွင် သံသယလူနာ ၃ ဦးကိုလည်း Facility Quarantine ဝင်ရောက် နေထိုင်စေကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂ ဦးကျန်ရှိနေသေးကြောင်း၊ အိမ်ပြန်ခွင့်လက်မှတ်ရရှိသူ ၁၅ ဦးတို့သည် Home Quarantine တစ်ပတ် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်းတို့ကို ခရိုင်ပြည်သူ့ကုသ ကျန်းမာရေးမှူး ဒေါက်တာ ဇော်ဝင်းနိုင်မှ သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)