နောင်မွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးပြုလုပ်

နောင်မွန်   အောက်တိုဘာ  ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ အစည်းအဝေးကို ယမန်နေ့ မွန်းတည့်(၁၂)နာရီချိန်ခန့်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။   

အဆိုပါအစည်းအဝေးတွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆန်နိုင်ဆင်ရမ်က အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။      

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေး ကြပြီး ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။

မြနန်း(ပြန်/ဆက်)