ကန်ပက်လက် အောက်တိုဘာ ၁၃
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ အထက်တန်းကျောင်း၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ဆောင်ရွက်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်က ပြုလုပ်သည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းခြား၊ ပြည်နယ်ခြားမှ လာရောက်တာဝန်ကျသည့် မဲရုံမှူး၊ ဒု-မဲရုံမှူး ဆရာ/ဆရာမ (၇၁) ဦးအား မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးပေးကြခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးပြီးဆရာ/ဆရာမ (၇၁) ဦး၏ အဖြေမှာ Negative ဖြစ်ကြောင်း သိရသည်။
(RDT Test Kit ) စစ်ဆေးရေးကိရိယာဖြင့် စမ်းသပ် စစ်ဆေးခြင်းဖြစ်ပြီး ယင်းစစ်ဆေးမှုများအား ရောဂါပိုးရှိ/မရှိကို ၁၅ မိနစ်မှ ၃၀ မိနစ်အတွင်း သိရှိနိုင်ကြောင်း ကျန်းမာရေး ဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။
သန်းမောင်(ပြန်/ဆက်)