ဟားခါးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၂ စုအတွက် ထောက်ပံ့ပေးအပ်

ဟားခါး        အောက်တိုဘာ       ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က  နေအိမ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် အပေါ်ထပ်တွင် TV ဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စု ၂ စုအား အောက်တိုဘာ ၁၂ ရက်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပစ္စည်းများတွင် မိသားစုအသုံးအဆောင်ပစ္စည်းများ (Family Kit) စုစုပေါင်း ထောက်ပံ့ပစ္စည်းအမျိုးအစား (၁၃)မျိုးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ (Hygiene Kit) စုစုပေါင်း ထောက်ပံ့ပစ္စည်း အမျိုးအစား (၂၀)မျိုးကို ထိခိုက်နစ်နာ သည့် အိမ်ထောင်စု ၂ စုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်နှင့် ဘေးဒုက္ခ ကျရောက်သူများအား ကူညီရန်စသည့် လုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ပြည်သူများအား ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)