ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များ အသိပညာပေး မြေစိုက်နံရံကပ်ပြုလုပ်

ကန်ပက်လက်         အောက်တိုဘာ         ၁၃

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်ကို ယနေ့နံနက်ပိုင်းက မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နေ့စဉ်မြင့်တက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ကျန်းမာရေး အသိပညာပေး ပိုစတာများနှင့် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ရုပ်ပုံပါ အသိပညာပေး အကြောင်းအရာများကို ဖော်ပြထားသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် လစဉ်နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက် မှတ်တမ်းများ၊ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ခြင်းများ၊ လူကုန်ကူးမှုဆိုင်ရာ အသိပညားပေးခြင်းများ၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညားပေး ခြင်းများနှင့် ဒေသတွင်းရှိ ကြော်ငြာများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှသန်းရီ(ပြန်/ဆက်)