မိုင်းယုမြို့၌ မိဘ/အုပ်ထိန်းသူတို့၏ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ နံရံကပ်စာစောင် ပြသ

မိုင်းယု အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မီဒီယာနှင့် သတင်းအချက်အလက်များ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူတို့၏ အတတ်ပညာဆိုင်ရာ မှန်ကန်စွာ သိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ မြို့ဝင်လမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက နံရံကပ်စာစောင်ပြသပေးခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတက်ပညာနှင့် လုပ်ကြံသတင်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဋ္ဌာန်သတင်း အချက်အလက်များနှင့် ပုဂ္ဂလဓိဋ္ဌာန်သတင်းများ၊ သင်သည်မီဒီယာနှင့်သတင်းအချက်အလက်ဆိုင် ရာသိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းသူတစ်ဦးဖြစ်သလား၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင် ယူဆချက်၊ မီဒီယာနှင့် သတင်းအချက် အလက် သိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှုအတက် ပညာနှင့်ကျန်းမာရေး၊ ကလေး သူငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှုသဘောတူညီချက်ပြုလုပ်ပါ စသည့် အကြောင်းအရာများ ဖော်ပြပေးထားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ကိုလည်း ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)