မိုင်းပန် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အသုံးပြုရန် မြို့နယ်ပညာရေးမိသားစုမှ ခရီးသွားပြည်သူများ၏ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လက်ဆေးစေရန်အတွက် Automatic Temperture Detector (၁)စုံ နှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အလှူငွေ (၃၆ဝဝဝဝ)ကျပ်အား ယနေ့ နံနက်(၈) နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်နှင့် ပညာရေးဝန်ထမ်းများမှ မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်သို့သွားရောက် လှူဒါန်းခဲ့ရာ မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ လက်ခံခဲ့ကြောင်း သိရသည်။ တန်ဖိုးအနေဖြင့် စက်တစ်စုံအတွက် (၃ဝဝဝဝဝ) ကျပ်၊ အလှူငွေအတွက် (၃၆ဝဝဝဝ) ကျပ် စုစုပေါင်းတန်ဖိုး (၆၆ဝဝဝဝ) ကျပ် ဖြစ်ပြီး မြို့နယ်ပညာရေးမိသားစုမှ ပညာရေးဝန်ထမ်းများအားလုံး စုပေါင်း၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)