မိုင်းယုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ဆက်လက် ကွင်းဆင်း စစ်ဆေး

မိုင်းယု အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင်  မြို့အတွင်းရှိ ဖွင့်လှစ်ရောင်း ချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုန့်ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီကြပ်ရေး အဖွဲ့(၃)တို့က ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုန့်ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှု ကြီကြပ်ရေး အဖွဲ့(၃)ခေါင်ဆောင် ပြန်ကြားရေးနှင့ ်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခွန်အာကာထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များက မြို့ပေါ်ရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စာသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များမှတစ်ဆင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေး နှင့် ရောင်းချရာ၌လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ် တာဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စဉ်ဆက်မပြတ ်ဆောင်ရွက်ထားရှိနိုင်ရေးတို့ကို ကွင်းဆင်း စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)