မိုင်းငေါ့ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာတွင် စီမံချက်ဝန်ထမ်းများ ဦးဆောင်သော Community Social Worker Training သင်တန်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်ခန့်က မိုင်းငေါ့မြိူ့ကွန်ကောက်ကျေးရွာ ရှမ်းစာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို Save The Children International (SCI)၊ ရှမ်းပြည်နယ် လူငယ်စွမ်းရည်တည် ဆောက်ရေးစင်တာ (SSYCBC) အဖွဲ့မှ စိုင်းနေဝင်းအောင်(အဖွဲ့ခေါင်းဆောင်)၊ စိုင်းစံမိန်း၊ နန်းမိုဖုန်းတို့မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဗဟုသုတများ၊ စီမံချက်ကျေးရွာများတွင် ကလေးငယ် များအပေါ် ကျရောက်နိုင်ခြေရှိမည့် ပြဿနာများ၊ အခက်အခဲများကို ကြိုတင်ကာကွယ်ရန်နှင့် ကြုံတွေ့လာရမည့် ပြဿနာနှင့် အခက်အခဲများကို တုံ့ပြန်ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် ဂိမ်းကစားနည်းများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကလေးများအပေါ် မတော်မတရားပြုမှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လျစ်လှူရှုခြင်းတို့အား ကာကွယ်ရန် နှင့် တုံ့ပြန်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ရပ်ရွာအတွင်း နှိုးဆော်မှုများ ပြုလုပ်နိုင်စေရန်ရည်ရွယ် ၍ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းကို မိုင်းငေါ့မြို့ ကွန်ကောက်၊ ကွန်ကျင်၊ နမ့်ဆွန်၊ မန်ဟတ်၊ ရွာမ၊ မန်နောင်၊ လွယ်ကြူ၊ ဟဲခမ်း၊ မန်ခေါက်ကျေးရွာများမှ စေတနာ့ဝန်ထမ်း (၁၂) ဦး တက်ရောက်ခဲ့ပြီး နံနက်(၉) နာရီမှ ညနေ(၃:၃၀)အချိန်ထိ(၅)ရက် ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)