မောက်မယ် အောက်တိုဘာ ၁၃
မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့် ပက်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိနိုင်ရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသထားလျက်ရှိသည်။
အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက်များ သိရှိနား လည်မှု ရှိသော မိဘအုပ်ထိန်းမှု အတက်ပညာနှင့်ကျန်းအာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှု အကြောင်းဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့်ထင် မြင်ယူဆချက်များ စသည့်အကြောင်းအရာများ ပါဝင်သော UNESCO မှပေးပို့လာသည့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက် သောအသိပညာပေး ရုပ်ပုံ(၁၈)ပုံကို ပြည်သူများ သိရှိလေ့လာနိုင်ပြီး လိုက်နာ ဆောင်ရွက်စေရန် ပြသထားခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့် ( မောက်မယ်)