“ကိုဗစ်-၁၉ မပြန့်ပွားဖို့မိမိကစ၍ ကာကွယ်စို့ ” သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မံစီ        အောက်တိုဘာ      ၁၃

ကချင်ပြည်နယ်  ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  ၇ နာရီက   မံစီမြို့မစျေး၌  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကပြည်သူများထံသို့ “ ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ ” သတင်းစကား လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉  ရောဂါ၏ လက္ခဏာများ၊ ကူးစက်ပုံများ၊ ရောဂါပြန့်ပွားမှု မရှိစေရန်အတွက် ပြည်သူတစ်ဦးချင်း လိုက်နာရမည့် အချက်များနှင့် အနုပညာရှင်များ၏ အသိပညာပေးစကားသံများကို ထည့်သွင်းဖော်ပြထားပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာ ဗဟုသုတများကို ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)