ပြင်စလူ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများ သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ရုံးရှေ့တွင် နံရံကပ်စာစောင် ပြုလုပ်ပြသ ထားသည်။
နံရံကပ်စာစောင်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာများ၊ မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမူအတတ်ပညာနှင့် လုပ်ကြံ သတင်းများ၊ လူမှုမီဒီယာ ပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ၊ သင်သည်မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းသူ တစ်ဦးဖြစ်သလား၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်၊ မီဒီယာနှင့် အချက်အလက် သိနားလည်မူရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ ကလေးသူငယ်နှင့် လူမူမီဒီယာ အသုံးပြုမှု သဘောတူညီချက်ပြုလုပ်ပါ စသည့် အကြောင်းအရာများ ဖော်ပြထားကြောင်း သိရသည်။
ဇင်ဖြိုးသူ (ပြန်/ဆက်)